Subscribe

RSS Feed (xml)



Powered By

Skin Design:
Free Blogger Skins

Powered by Blogger

မင်္ဂလါပါMBA INTERNATIONAL့ မှအားလုံးကိုကြိုဆိုပါတယ်။ ဒီဘလော့မှမလေးရှားနိုင်ငံရောက်မြန်မာများအတွကကျမ်းမာရေးနှင့်လူမူေ၇းကိစ္စများအတွက်တင်ဆက်သွားမှာဖြစ်ပါတယ်လိုအပ်ပါက kmyo99@gmail.com ကိုဆက်သွယ် နိုင်ပါသည်၊ဒီဆိုက်မှလင့်ခ်များပျက်ရှိပါကကျွန်တော့ကိုအကြောင်းကြားစေလိုပါသည်။ကျေးဇူးတင်ပါသည်။

ခေါင်းဆောင်

ခေါင်းဆောင်ဟာ ဟိုလူပြော ဟုတ်နိုး၊ ဒီလူပြော ဟုတ်နိုး ယောင်ချာချာလုပ်ရင် ခေါင်းဆောင်မဟုတ်ဘူး။ အများယောင်လို့ယောင် အမောင် တောင်မှန်းမြောက်မှန်း မသိဘူးဆိုရင် ခေါင်းဆောင်မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို မယုံကြည်သူဟာ ဘယ်အခါမှ အခြားလူကို မယုံဘူး။ ကိုယ့်တိုင်းသူ ပြည်သားကိုလည်း မယုံဘူး။ ကျွန်တော့်အဖို့ ကျွန်တော့်ကိုယ်ကိုယုံတယ်၊ ခင်ဗျားတို့ကိုလည်း ယုံကြည်တယ်။ ဗမာ့လွတ်လပ်ရေးကိုလည်း ယုံတယ်။ ဘာကိစ္စမဆို လုပ်ရင် မှားတယ် မှန်တယ်ဆိုတာ ရာဇ၀င်က ဆုံးဖြတ်လိမ့်မယ်။ -- ဗိုလ်ချုပ်အောင်ဆန်း (၁၉၄၇ ဖေဖော်ဝါရီ ၂၈) --

Thursday, April 9, 2009

only for you

welcome to mba international advertisement section

လောကနီတိ

* မကောင်းသော အရပ်။
* မကောင်းသော မိတ်ဆွေ။
* မကောင်းသော အမျိုးအနွယ်။
* မကောင်းသော ဆွေမျိုးခင်ပွန်း။
* မကောင်းသော မယား။
* မကောင်းသော ကျေးကျွန်။
ဤ သူတို့ကို ဝေးစွာ စွန့်ပစ်ရာ၏.

အကြင်အပေါင်းအဖော်သည် -
* ရောဂါဝေဒနာ ကျရောက်စွဲကပ်သော အခါ၌ လည်းကောင်း ၊
* ငတ်မွတ်ခေါင်းပါး ဘေးဒုက္ခရောက်သော အခါ၌ လည်းကောင်း ၊
* ဥစ္စာစည်းစိမ် ဆုံးရှုံးပျက်စီးသော အခါ၌ လည်းကောင်း ၊
* ရန်သူဖမ်းဆီးခြင်းခံရသော အခါ၌ လည်းကောင်း ၊
* တရားရုံးများ၌ အမှုကိုရင်ဆိုင်ရသော အခါ၌ လည်းကောင်း ၊
* နာရေးကိစ္စ ဈာပနနှင့်ကြုံရသော အခါ၌ လည်းကောင်း ၊
မိမိနှင့်အတူရပ်တည်ပေ၏. ထိုသူသည် အဆွေခင်ပွန်းကောင်းမည်၏။

အများအကျိုးအတွက် တစ်စုံတစ်ယောက်၏ အကျိုးကို စွန့်၍ ဆောင်ရွက်ရာ၏။
* ပြည်ရွာတိုင်းကျိုး အမျိုးသားအကျိုးအတွက်ကိုမူကား အရာရာကို စွန့်၍ ဆောင်ရွက်ရာ၏။

မိမိအတွက် အကျိုးမပြုသည့် အရပ်ဒေသကို ရှောင်ကြဉ်ရာ၏။
* သင့်တင့်လျောက်ပတ် ကောင်းမြတ်သော အကျိုးဖြစ်ထွန်းမည့် အရပ်ဒေသကို ရှာကြံရာ၏။
* နေရာသစ်၌ အကျိုးဖြစ်မဖြစ် တွက်စစ်သေချာ မလေ့လာ မစူးစမ်းဘဲနေရာဟောင်းကို မစွန့်ခွာရာ

မိတ်ဆွေစစ် ခင်ပွန်းကောင်းသည် အရင်းမှာ အဖျားတိုင်အောင် ချိုသော ကြံ၏သဘောနှင့် တူ၏။
* မိတ်ဆွေ အတုအယောင်သည်ကား အရင်းပိုင်းသာချို၍ အဖျားရောက်သော် ရသာပေါ့ပျက် အချိုရည်မထွက်သော ကြံ၏ သဘောနှင့်တူ၏။



massage borad