Subscribe

RSS Feed (xml)



Powered By

Skin Design:
Free Blogger Skins

Powered by Blogger

မင်္ဂလါပါMBA INTERNATIONAL့ မှအားလုံးကိုကြိုဆိုပါတယ်။ ဒီဘလော့မှမလေးရှားနိုင်ငံရောက်မြန်မာများအတွကကျမ်းမာရေးနှင့်လူမူေ၇းကိစ္စများအတွက်တင်ဆက်သွားမှာဖြစ်ပါတယ်လိုအပ်ပါက kmyo99@gmail.com ကိုဆက်သွယ် နိုင်ပါသည်၊ဒီဆိုက်မှလင့်ခ်များပျက်ရှိပါကကျွန်တော့ကိုအကြောင်းကြားစေလိုပါသည်။ကျေးဇူးတင်ပါသည်။

ခေါင်းဆောင်

ခေါင်းဆောင်ဟာ ဟိုလူပြော ဟုတ်နိုး၊ ဒီလူပြော ဟုတ်နိုး ယောင်ချာချာလုပ်ရင် ခေါင်းဆောင်မဟုတ်ဘူး။ အများယောင်လို့ယောင် အမောင် တောင်မှန်းမြောက်မှန်း မသိဘူးဆိုရင် ခေါင်းဆောင်မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို မယုံကြည်သူဟာ ဘယ်အခါမှ အခြားလူကို မယုံဘူး။ ကိုယ့်တိုင်းသူ ပြည်သားကိုလည်း မယုံဘူး။ ကျွန်တော့်အဖို့ ကျွန်တော့်ကိုယ်ကိုယုံတယ်၊ ခင်ဗျားတို့ကိုလည်း ယုံကြည်တယ်။ ဗမာ့လွတ်လပ်ရေးကိုလည်း ယုံတယ်။ ဘာကိစ္စမဆို လုပ်ရင် မှားတယ် မှန်တယ်ဆိုတာ ရာဇ၀င်က ဆုံးဖြတ်လိမ့်မယ်။ -- ဗိုလ်ချုပ်အောင်ဆန်း (၁၉၄၇ ဖေဖော်ဝါရီ ၂၈) --

Sunday, August 26, 2012

MBA FC
 
MBA FC team is a great team own by MBA international director U Myo Myat Kyaw who is doing business in Malaysia Myanmar Bussiness community such as Pro Media Center locate in the heart of Kuala Lumpure. He also Director of MBA international and mobile clinic around the whole Malaysia within Myanmar workers.The Sun new papper interview with U Myo Myat Kyaw who is just completed business degree in Kula lumpure Metropolitan University said he will be increasing potential on more assistance to development of Myanmar work force in Malaysia such as sport. health and mobil clinic .

Saturday, October 9, 2010

welcome to mba member meeting

welcome to mba international
dear all mba member...
we are proudly to inform that we can start back our weekly meeting at our new office located at no44 1st floor jalan siling(kotaraya) 50050 kl.
bring your MBA  Member card  for entry..please
chairman ....Uwin mying, and new Dotor from hospital.greeting

host by ..U Myo Myat Kyaw (Director)
               Dr. Thint Zin (mobile clinic )
               Daw pyone pyone (Head Dept.)



place .....pro media center
date.......10.10.10 sunday
time ....11 am

organized by mba member refreshing unit cooperation with mba football club.

Wednesday, July 21, 2010

Constitution Of MBA international

Mba international constitution 

Owner ........U Myo Myat Kyaw

Director......U Myo Myat Kyaw

Secretary....Dr.Thant Zin

Finance .....Dr .Tin Win

Mobile Clinic..Daw Pyone Pyone Kyi

Work Force Affair..Daw Thu Thu Aung

Office...Ko Tin Aung Moe

Music Group ...Sayar Min Thyke Tun

Pro Media Center ...Phyu Zin Htwe

MBA FC... U Aye (Head Trainning)

 



အသင်းကြီး၏လစဉ်ပုံမှန်အစည်းအဝေးကိုကျင်းပနေ


ကျ ...  



တွင်လ၏နောက်ဆုံးပတ်တွင်ကျင်းပမည်ဖြစ်ကြောင်း


ကြော်ငြာအပ်ပါသည်။

Tuesday, November 24, 2009

welcome to mba international weekly news MBAFC NEWS we had a special meeting hold at this week sun day at OASIS about 11;30 am... Main sponsor by KO ZAW GYI later afternoon he gave hight light about our MBAFC and future plan on going process... He contributed food and drink to the MBAFC and every one happy and karaok at 2 pm.. thanks ko zaw gyi for invite Fc and entertain the team. Later MBA international Director U Myo Myat Kyaw give speak about reinforcement and future plan about team and department said we are very happy that we will never forget his contribution on MBA FC...we try to keep our speed and achieve more ..and more thank you...

Monday, November 23, 2009



mba international celebrate its member weddings


၂၀၀၉မှာဖတ်ဖို့

Blog Entry၂၀၀၉မှာဖတ်ဖို့
၁) မှတ်သင့်တာကို မှတ်ပါ။ မေ့သင့်တာကို မေ့ပါ။ ပြုပြင်ပြောင်းလဲသင့်တာကို ပြုပြင်ပြောင်းလဲပါ။ ပြုပြင်ပြောင်းလဲလို့ မရတာကို လက်ခံနိုင်အောင် ကြိုးစားပါ။

၂) လူ့ဘ၀ဆိုတာ တိုတိုလေး။ ခဏတာအချိန်လေးမှာ ၀မ်းနည်းစရာ၊ စိတ်ပျက်စရာ ဘာတစ်ခုမှ ချန်မထားခဲ့နဲ့။ ရီချင်ရင် ရီပစ်လိုက်၊ ငိုချင်ရင် ငိုပစ်လိုက်၊ ချစ်ချင်ရင် ချစ်ပစ်လိုက် ဘယ်ဖိအားနဲ့မှ ကိုယ့်ကို ထိန်းချုပ်မထားလေနဲ့။

၃) စိတ်ကူးနဲ့လက်တွေ့ တစ်ထပ်တည်း မကျတဲ့အခါ နာကျင်အောင် ခံစားရတယ်။ အဲဒီနာကျင်မှုကို သင်အလဲထိုးမလား...? နာကျင်မှုက သင့်ကို အလဲထိုးတာကို ခံမလား...?

၎) အရှေ့နေထွက် အနောက်နေ၀င်။ စိတ်ညစ်ရင်လဲ တစ်ရက်ပဲ၊ ပျော်ရွှင်ရင်လဲ တစ်ရက်ပဲ။ ဘာလို့ အဲဒီတစ်ရက်ကို ပျော်ရွှင်ခြင်းနဲ့ မပြီးဆုံးစေချင်တာလဲ...?

၅) အကယ်၍ ရန်သူကြောင့် သင်ဒေါသထွက်တယ်ဆိုရင် အဲဒီရန်သူကို နိုင်တဲ့အရည်အချင်း သင့်မှာ မရှိသေးလို့။

၆) အကယ်၍ သူငယ်ချင်းကြောင့် သင်ဒေါသထွက်တယ်ဆိုရင် အဲဒီသူငယ်ချင်းရဲ့ ခင်မင်မှုကို သင်အသိအမှတ်ပြုလို့။

၇) ကိစ္စတစ်ချို့ကို ကိုယ်က မထိန်းချုပ်နိုင်ရင် အကောင်းဆုံးက ကိုယ့်ကိုယ်ကို အရင်ထိန်းချုပ်ပါ။

၈) ကိုယ်အခုလုပ်နေတာတွေ ဘယ်ဟာက အမှန်လဲ... ဘယ်ဟာက အမှားလဲ မသိဘူး။ ကိုယ်အိုမင်းလို့ သေဆုံးခါနီးမှ အမှား၊ အမှန်ကို သိနိုင်တော့မယ်။ ဒါကြောင့် အလုပ်တစ်ခုကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်လုပ်ပြီး အိုမင်းသေဆုံးသွားမဲ့ အချိန်ကိုစောင့်ပါ။

၉) လူတစ်ချို့က မိုက်ရိုင်းမယ်။ လူတစ်ချို့က ကောက်ကျစ်မယ်။ သူတို့နေရာမှာ ၀င်ရောက်ခံစားကြည့်မှ သူတို့ဟာ ကိုယ့်ထက် သနားစရာကောင်းမှန်းသိတယ်။ ဒါကြောင့် လူကောင်းဖြစ်ဖြစ်၊ လူဆိုးဖြစ်ဖြစ် ကိုယ်ကြုံဖူး ဆုံဖူးသူကို နားလည်ခွင့်လွတ်ပါ။

၁၀) နောင်တဆိုတာ စိတ်ဓာတ်ကို ပျက်ပြားစေတဲ့ ခံစားမှုတစ်မျိုးပဲ။ နောင်တဆိုတာ ကျရှုံးမှုထက် ပိုကြီးမားတဲ့ ကျရှုံးမှု၊ အမှားထက် ပိုကြီးမားတဲ့ အမှားဖြစ်တယ်။


mba member ဖတ်ဖို့

welcome to mba international

၁) ပါရမီဆိုတာ မွေးရာပါစွမ်းရည် ၁ဆကို ကြိုးစားမှု ၉၉ဆနဲ့ ပေါင်းထားတာဖြစ်တယ်။
Edison

၂) အန္တရာယ်၊ အခက်အခဲကြုံမှ တကယ့်သူရဲကောင်း အစစ်အမှန်ကို သိနိုင်တယ်။
ပြင်သစ်စကားပုံ

၃) ခင်မင်မှုကို အဓွန့်ရှည်ချင်ရင် နှစ်ယောက်ကြားက သေးငယ်တဲ့ အပြစ်တွေကို
လျှစ်လျှူရှူတတ်ရမယ်။

၎) အမှားကို အမှတ်မထားသူတွေက အမှားကို ထပ်သလဲလဲ လုပ်နေဦးမှာပဲ။

၅) သစ်ပင်ခုတ်တဲ့ ပုဆိန်လေးပေမယ့် ခိုင်မာတဲ့ ဝက်သစ်ချပင်ကြီးတောင်
ခုတ်လဲနိုင်တယ်။ ရှိတ်စပီးယား

၆) ဘဝဆိုတာ စက်ဘီးစီးနေသလိုပဲ... ခြေနင်းကို မရပ်ခဲ့ရင် သင်မပြုတ်ကျနိုင်ပါဘူး။

၇) ဘဝဆိုတာ မပြတ်သင်ယူခြင်းပဲ။ ဖြတ်သန်းဖူး(ရှင်သန်)မှ အဲဒီသင်ခန်းစာကို
သင်နားလည်မယ်။

၈) အနာဂတ်က ကိုယ့်အိပ်မက်ကို ယုံကြည်သူတွေအတွက်ပဲ ဖြစ်တယ်။

၉) ရှင်ခြင်းနဲ့သေခြင်းကြားက ဆက်သွယ်ထားတဲ့ ပေါင်းကူးတံတားဟာ "အချစ်" ဖြစ်တယ်။

၁ဝ) ကြောက်ရွံ့ခြင်း၊ ဆုံးရှုံးခြင်းကို ခံစားဖူးမှ သင်မလုပ်နိုင်တဲ့အလုပ်ကို
လုပ်ဖို့ ခွန်အားရမယ်၊ အတွေ့အကြုံနဲ့ ယုံကြည်မှုတွေရမယ်။

၁၁) ကိုယ့်မှာ ရှိတဲ့ပစ္စည်း၊ အသိဥာဏ်တွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ
ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

၁၂) လူတစ်ယောက်က ဥစ္စာပစ္စည်းတွေ၊ အချစ်တွေ ဆုံးရှုံးလို့ရတယ်။ ဒါပေမယ့်
ရဲရင့်ခြင်း၊ သတ္တိတွေ ဆုံးရှုံးလို့ မရဘူး။ ဘဝဆိုတဲ့ တလင်းပြင်မှာ
သတ္တိတွေဆုံးရှုံးခဲ့ရင် အရာအားလုံးကို ဆုံးရှုံးတာနဲ့ အတူတူပဲ။

၁၃) ဘာလုပ်လုပ် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါ။ တစ်ခြားလူရဲ့ စကားတစ်ခွန်းနဲ့
ခလုတ်တိုက် လဲမချလိုက်ပါနဲ့...

၁၄) ဘာလုပ်လုပ် စဉ်းစားပြီးမှ လုပ်ပါ။ အပြေးမြန်ရင် လဲတတ်ပါတယ်။ ရှိတ်စပီးယား

၁၅) တစ်ချက်လေး ချော်လဲတာပါပဲ... သေသွားလို့ ပြန်မထနိုင်တာမှ မဟုတ်တာ။ လင်ကွန်း

၁၆) ဖိနပ်ချုပ်သူတွေ ဖိနပ်အချုပ်တော်ရတာက သူတို့ဟာ တစ်ခြားအလုပ်ကို မလုပ်ဘဲ
ဖိနပ်ပဲ ချုပ်နေခဲ့လို့ပဲ။ Ralph Waldo Emerson

၁၇) သင့်ရဲ့ အပြုံးတစ်ပွင့်၊ ပုခုံးကို အသားလေးပုတ်ပြီး သင်အားပေးရုံနဲ့
မျှော်လင့်ချက်မဲ့သူ တစ်ယောက်ကို သင်ကယ်တင်နိုင်လိမ့်မယ်။

၁၈) လူအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်က
"စစ်မှန်တဲ့ ဂရုစိုက်မှုတွေ" ဖြစ်တယ်။

၁၉) တောင်းပန်တယ်ဆိုတာ လူတွေမှာ ရှိသင့်တဲ့ ယဉ်ကျေးမှုဖြစ်တယ်။

၂ဝ) ကောင်းမှုလုပ်တာ လူသိခံဖို့မဟုတ်ဘူး။ ဒါပေမယ့် ဘာမှမဟုတ်တဲ့
ကောင်းမှုလေးတစ်ခုက သင့်ကိုပျော်ရွှင်ခြင်းတွေ သယ်ဆောင်ပေးလာနိုင်တယ်။

Tuesday, October 6, 2009

welcome to mba international

Tuesday, September 15, 2009

MBA FC

အကောင်းဆုံး၊ အမြင့်ဆုံး အောင်မြင်မှုကိုသာ ရယူပေးချင်တဲ့ MBA FC MBA အက်ဖ်စီ အသင်း၏ ရည်ရွယ်ချက်များထဲမှ အဓိက အချက်တစ်ချက် ဖြစ်သည့် လက်ရွေးစင် ကစားသမားများ ပေါ်ထွက်လာရမည်ဟု သဘောထား ကြီးမြတ်စွာဖြင့် ဦးတည်ချက် ထားခဲ့သည်ကိုလည်း တွေ့ရှိရပြန်သည်။ MBA အသင်းအနေဖြင့် အခြား အသင်းများအား အနိုင်ယူ ကျော်ဖြတ် ဗိုလ်စွဲရန်မှာ အဓိက ရည်မှန်းချက် ဖြစ်ပါသော်လည်း သန့်ရှင်းသည့် စိတ်ဓာတ်၊ အားကစား စိတ်ဓာတ် အပြည့်ဖြစ်သာ အနိုင်ယူကြပါရန်လည်း မှာကြား ထားခဲ့ပြန်သည်။ မည်သည့် အသင်းကိုမျှ ဖိအားများပေး၊ ကြမ်းကြမ်းတမ်းတမ်း ကစားကာ အနိုင်ယူခြင်းမျိုးအား မပြုလုပ်ကြပါရန်လည်း ကြိုတင် မှာကြားထားခဲ့ပြီး အသင်း ကစားသမား များအားလည်း အ၀ါကဒ်ပင် မထိစေရန် တိကျသည့် စည်းကမ်းများ ချမှတ်ထားကြောင်းသိရှိရသည်။ကစားသမား အားလုံး အသင်းအတွက် အကောင်းဆုံးခြေစွမ်းများ ပေါ်ထွက်လာစေရန် ထောက်ပံ့ပေးနေခြင်း ဖြစ်ပေသည်။ ထို့ကြောင့် မြန်မာ့ဘောလုံး အဆင့်အတန်း ပြန်လည် မြင့်မားစေရေး အတွက် အဘက်ဘက်မှ ဦးဆောင် ပါဝင်ကူညီ ထောက်ပံ့ ပေးနေသည့် OASIS MYANMAR RESTAURANT, KO ZAW GYI အာှး ချီးကျူး ဂုဏ်ယူသင့်သည့် သဒ္ဓါတရားများနှင့် အတူ မြန်မာ့ ဘောလုံး လောကအတွက်တော့ နှလုံးလှ ပိုင်ရှင် တစ်ဦးပင် ဖြစ်ပါကြောင်း ခံစားတင်ဆက်ရင်း... မြန်မာ့ဘောလုံး အဆင့်အတန်း ပြန်လည် မြင့်မား လာစေရန် ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။ တောက်ပနေသည့် အနာဂတ်နှင့် mba fc ဘောလုံးအသင်း MBA international football club hi all member... welcome to mba fc ..... we are here to play our role of mba international leading and builded by mba leader.. we are brand new football club in malaysia espieally in myanmar community...
အသင်းအမည် - MBA FC
ကိုယ်စားပြု ဒေသ - MALAYSIA, DOWNTOWN KL
စတင်တည်ထောင်သည့်ခုနှစ် - 2009
အိမ်ကွင်း - IMBI
အသင်းအခြေစိုက်နေရာ - KL,MALAYSIA
အသင်းပိုင်ရှင် - Myo Myat Kyaw
အမှုဆောင်အရာရှိချုပ် -      Myo Myat Kyaw
ဒု - အမှုဆောင်အရာရှိချုပ် -NIL
အသင်းအုပ်ချုပ်သူ - MBA EC
နည်းပြချုပ် - ဦးအေး
လ/ထ နည်းပြ - Tin Soe
သတင်းထုတ်ပြန်ရေးအရာရှိ - KO PYONE
အသင်းခေါင်းဆောင် - KO KA YAR GYI
ဒု-အသင်းခေါင်းဆောင် - Wai Phyo
စံချိန်တင်ကစားသမား - KA YAR GYI
Main Sponsor KO ZAW GYI....OASIS MYANMAR RESTRANT
အင်္ကျီအရောင် - RED
we all welcome who want to join our club.... regester or call......... ko pyone 0166507769 thank you.....
Shalala Hang Ten Soccer Myanmar Football Website

Thursday, July 23, 2009

MBA INTERNATIONAL HEALTHCARE AND MOBILE CLINIC PROJECT

HEAD OF DEPARTMENT








Dr.Thant Zin
M.B.,B.S (Rgn)
M.Med.Sc(Path)








sayama daw kyi kyi win
B.Sc (Math)
Dip in General Nursing(RGH)
Haemo Dialysis Specialist (Malaysia)








Saturday, June 20, 2009

MAJU JAYA (PUCHONG BRANCH)






MAJU JAYA (PUCHONG BRANCH)

Tuesday, June 9, 2009

welcome to mba international
သမ္မတဘားရတ်အိုဘားမားနှင့် ဂျပန်ဝန်ကြီးချုပ်တို့က မြောက်ကိုရီးယားအရေးကိစ္စဆွေးနွေး
အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရတ် အိုဘားမားနှင့် ဂျပန်ဝန်ကြီးချုပ် တာရိုအာဆိုတို့သည် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်ခြိမ်းခြောက် မှုအရေးကိစ္စနှင့်ပတ်သက်၍ တယ်လီဖုန်းဖြင့် ၁၅ မိနစ် ကြာ ပြောဆိုဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။ ထိုသို့ပြော ကြားရာတွင် ယခုနှစ် နှစ်လယ်ကာလတွင် သမ္မတအို ဘားမားအနေဖြင့် ဂျပန်နိုင်ငံသို့ အလည်အပတ်လာ ရောက်ရန် သဘောတူညီမှုလည်းပါဝင်ခဲ့သည်။ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနမှဖော်ပြချက်အရ သမ္မတအို ဘားမားက မြောက်ကိုရီးယား၏ဒုံးကျည်ပစ်လွှတ်မှုနှင့် ပတ်သက်၍ နှစ်နိုင်ငံ အနီးကပ်ပူးပေါင်းဆောင်ရွက်မှု အပေါ် အကြီးအကျယ်အမွှမ်းတင်ပြောကြားခဲ့ပြီး ဆက် လက်၍ ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို လိုလား ကြောင်း ပြောကြားခဲ့သည်ဟုဆိုသည်။
ဂျပန်ဝန်ကြီးချုပ်ကလည်း မြောက်ကိုရီးယား ၏ မကြာသေးမီက ဒုံးကျည်လွှတ်တင်မှုအပေါ် တုံ့ဆိုင်း ခြင်းမရှိဘဲ ပူးတွဲဆန့်ကျင်ထုတ်ပြန်ချက်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအတွက် ကောင်းမွန်မှုပင်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
နှစ်နိုင်ငံခေါင်းဆောင်တို့က ပြုံယမ်းအစိုးရ၏ နျူကလီးယားလက်နက်ဖယ်ရှားရေး ရည်ရွယ်ချက်ဖြင့် ခြောက်နိုင်ငံပြောဆိုဆွေးနွေးမှုရပ်တန့်နေခြင်းကို ပြန် လည်စတင်ရန်အတွက် သဘောတူညီခဲ့ကြသည်။ ခြောက် နိုင်ငံဆွေးနွေးမှုတွင် တရုတ်၊ ရုရှားနှင့် ကိုရီးယားနှစ်နိုင်ငံ တို့လည်း ပါဝင်ခဲ့ကြသည်ဟုဆိုသည်။
ဧပြီ ၅ရက်က မြောက်ကိုရီးယား၏ ဒုံးကျည် လွှတ်တင်မှုကြောင့် တင်းမာမှုများမြင့်တက်နေဆဲရှိပြီး အမေရိကန်ပြည်ထောင်စုနှင့် ၎င်းင်း၏မဟာမိတ်တို့က မြောက်ကိုရီးယားသည် ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ် ခြင်းကို ဂြိုဟ်တုလွှတ်တင်ခြင်းအဖြစ် ဖုံးကွယ်ခဲ့သည်ဟု စွပ်စွဲပြောဆိုခဲ့ကြသည်။ လွန်ခဲ့သည့်ရက်သတ္တပတ်၌ ပြုံ ယမ်းအစိုးရက နျူကလီးယားလက်နက် ဖယ်ရှားရေး အတွက် ခြောက်နိုင်ငံဆွေးနွေးပွဲမှနုတ်ထွက်ကြောင်း နျူကလီးယားလုပ်ငန်းဆောင်တာများကို ပြန်လည်စတင် မှုပြုမည်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။
ဝန်ကြီးချုပ်အာဆိုက သမ္မတအိုဘားမား၏ မကြာသေးမီက ကမ္ဘာ့နျူကလီးယားလက်နက်လျှော့ချ ရေးတောင်းဆိုမှုကိုလည်း ထောက်ခံကြောင်းပြောကြားခဲ့ သည်ဟုဆိုသည်။

Monday, April 20, 2009

myanmar movies

welcome to mba international

here you can watch movies

သီချင်း ဂီတ၀ါသနာပါသူများ


“သင်္ကြန်လေညှင်းလုလင်၊ မြူးရွှင်တော့လေ
ပိတောက်တွေထုံတဲ့ဝတ်မှုန်၊ ဝတ်ဆံကြားတွေ
ဝတ်ရည်ဆွတ်ဖြန်းလို့သာ၊ ဖြတ်သန်းကာ
ကြိုင်လန်းစွာ ငွေငန်းကိုကြိုလာပါတော့တယ်လေ”



















သီချင်း ဂီတ၀ါသနာပါသူများ
welcome to mba international music team ဂီတချစ်သူများအတွက်နေရာလေးတစ်ခုဖြစ်ပါတယ်.. သီချင်းချစ်မြတ်နိုးသူတွေအချင်းချင်း လိုအပ်တဲ့ အကူအညီတောင်းခံနိုင်ပါတယ်..


“ပျော်ခင်းလေးသာပါဘိတယ်
နမိတ်ကောင်းယူမယ်
နှစ်ဦးသင်္ကြန်တော်ဝယ်…”

နှစ်သစ်ကူးအတာရေသဘင်ပွဲတော်


welcome to mba international
နှစ်ပေါင်းများစွာမှ ဖြစ်တည်လာသော ငယ်စဉ်ကတည်းက တောင့်တရင်ခုန်ခဲ့ရသော မဟာသင်္ကြန်ပွဲတော်ကြီးရောက်ပေတော့မည်။ မြန်မာ့ယဉ်ကျေးမှုပွဲတော်များတွင် အထူးခြားဆုံး အခန်းနားဆုံးကျင်းပကြတဲ့ သင်္ကြန်ပွဲတော်ဟုဆိုလျှင်လည်း လွဲမည်မထင်ပါ။
“ဟောင်းရွက်ညှာ ခါလှစ်လို့
တာသစ်ကယ်တဲ့ နံ့ကြိုင်။
ထုတ်ဖြူးလေဆော်က၊
ပန်းကံ့ကော် ၀တ်မှုန်ကျင်း၊
သင်းပျံ့လို့လှိုင်။”
ဆိုတဲ့ဖိုးသူတော်ဦးမင်းရဲ့တန်းခူးလဘွဲ့ အရ လတန်းခူးတွင် ကံ့ကော်ပန်းများလည်းပွင့်လန်းလျက်ရှိနေကြပြီး၊ တစ်နှစ်တွင် တစ်ခါဖူးတဲ့ မြဖူးဖူးခိုင်ရွှေဝါပိတောက်များလည်း ပင်ယံထက်တွင် အပြိုင်အဆိုင်လှနေကြမဲ့ အချိန်အခါသမယလည်းဖြစ်ပါတယ်။ ပိတောက်ပန်းအလှကိုတွေ့မြင်တိုင်း ငယ်စဉ်ဘ၀ကိုပြန်တွေးပြီးလွမ်းမောမဆုံးဖြစ်ရသည်မှာ အကြိမ်ကြိမ်ပင်. ပိတောက်ရေစင်နှင့်ဖြန်းပက်ခံရသူအဖို့မှာလည်း စိတ်ကြည်နူးဖို့ကောင်းလှမည်မှာ ဧကန်မလွဲပါ။
သင်္ကြန်ပွဲတော်သဘင်နဲ့ပတ်သက်ပြီး သင်္ကြန်အဓိပ္ပာယ်လေးကိုမှတ်သားမိသလောက်
ပြောပြချင်မိပါသည်.။ သင်္ကြန်၊ဆောင်ကရန်ဆိုသောစကားလုံးဟာ သက္ကတဘာသာစကား သင်္ကန္တမှဆင်းသက်လာပြီးကူးပြောင်းခြင်း၊ တစ်နေရာမှတစ်နေရာသို့ရောက်ရှိခြင်းဟုအဓိပ္ပာယ်ရသည်။ မြန်မာသုံးပြက္ခဒိန်ကောဇောသက္ကရာဇ်အရ ၁၃၇၀ပြည့်နှစ်မှ ၁၃၇၁ခုနှစ်သို့ကူးပြောင်းခြင်းလည်းဖြစ်ပါသည်။ သင်္ကြန်ပွဲသည် ဟိန္ဒူဓလေ့ထုံးတမ်းတို့မှ ဆင်းသက်လာခြင်းသာဖြစ်ပြီး ဘုရားဟော ပိဋကတ်တော်၌ သင်္ကြန်တက်ခြင်း၊ ကျခြင်းအကြောင်းများမပါရှိသောကြောင့်ဖြစ်ပါသည်.။မြန်မာတို့၏ သင်္ကြန်ရိုးရာဓလေ့များသည် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံများနှင့်များစွာတူညီသည်။
သို့ပေမဲ့ နှစ်သစ်ကူးရက်ကိုရွေးချယ်ရာတွင် နက္ခတ်၊ တာရာတို့၏ တည်နေပုံအပြောင်းအလဲကိုအခြေခံသောတွက်နည်းဖြင့် တွက်ချက်ကြ၍ ရက်များပြောင်းလွဲသွားကြခြင်းသာဖြစ်ပါသည်။
တစ်နှစ်အတွင်း တန်ခူးလနှစ်ခါပါတက်ရာ နှစ်မဆန်းမီ တန်ခူးလကို နှောင်းတန်ခူးဟုခေါ်ကြသည်။ အတာသင်္ကြန်တစ်ကြိမ်မှ နောက်တစ်ကြိမ်ကာလသည် တစ်နှစ်အပိုင်းအခြားဖြစ်သည်ဟု သတ်မှတ်နိုင်ပါသည်။
ကျွန်တော်တို့မြန်မာနိုင်ငံတွင် သင်္ကြန်ကာလတွင် သိကြားမင်းက လူ့ပြည်ဆင်းလေ့ရှိသည်ဟူသောအယူလည်းရှိပါသည်။
မြန်မာလူမျိုးများသည် သင်္ကြန်ကာလရောက်တော့မည်ဆိုရင် သင်္ကြန်ပန်းအိုးများကို နေအိမ်များ ၊ဘုရား ကျောင်းကန်များတွင် ကပ်လှူပူဇော်သော အလေ့အထများပြုလုပ်ကြပါသည်။ မြန်မာသင်္ကြန်တွင် သက်ကြီးဝါကြီးများကို ခေါင်းလျှော်ပေးခြင်း၊ ခြေသည်း၊ လက်သည်းလှီးပေးခြင်းတို့ကို ဓလေ့တစ်ရပ်အဖြစ်ဆောင်ရွက်ကြသည်။ သင်္ကြန်မတိုင်မီ ရှင်ပြု၊ရဟန်းခံသည့်ဓလေ့မှာလည်းကြည်နူး နှစ်သက်စရာကောင်းသောယနေ့တိုင်တည်နေတဲ့ မြန်မာဓလေ့များပင်ဖြစ်ပါသည်။
သပြေခက်နှင့် ရေပက်ခဲ့ကြသည်မှာ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံးစံဖြစ်ခဲ့သော်လည်း ယနေ့ခေတ်တွင်တော့ ရေပိုက်၊ ရေခွက်တို့ဖြင့်ရေပက်ကြသူတွေသာများပါသည်။ခေတ်ကာလအပြောင်းအလဲအရ သင်္ကြန်ရိုးရာဓလေ့များပြောင်းလဲသွားကြသော်လည်း မှုလရိုးရာမပျက်ကျန်ရှိနေသေးသည့် သင်္ကြန်၏ အနှစ်သာရ သင်္ကတေများကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါသည်.။နှစ်သစ်ကူးပြောင်းပွဲတော်မှာ ခေတ်အပြောင်းကြောင့်ပျော်ရွှင်မှုပုံစံတွေပြောင်းလာခဲ့ပေမဲံလည်း ချစ်စရာ့ဓလေ့တို့ကတော့ယနေ့တိုင်ရှိနေဆဲပင်ဖြစ်ပါသည်။ ထို့အပြင် မြန်မာလူမျိုးတို့သည် နှစ်သစ်ကူးကာလတွင် ရုံးများ၊ အလုပ်များကို ရက်ရှည်ခွင့်ပေးခြင်းများကို တွေ့ရသည့်အတွက်
သင်္ကြန်ပွဲတော်အပေါ် မည်မျှတန်ဖိုးထားအလေးထားကြောင်းကိုမြင်တွေ့နိုင်ပါသည်။
ခွင့်ရက်ရှည်ကာလတွင်လည်း မြန်မာပြည့်အနှံ့ ဘုရားဖူးခြင်းများ၊ တရားစခန်းဝင်ခြင်းများ၊
ဥပုပ်သီလ ဆောက်တည်ခြင်းစသောကုသိုလ်ဘာဝနာ ပြုလုပ်ကြသူတွေလည်းရှိပါသည်။
လောဘ၊ ဒေါသ၊ မောဟတည်းဟူသော နှစ်ဟောင်းက အညစ်အကြေးများစွန့်လျှက်
နှစ်သစ်တွင် စိတ်သစ်လူသစ်ဖြင့် ဘာသာတရားလက်ကိုင်များထားလျှက် ကုသိုလ်ယူနေကြပုံမှာ မြန်မာလူမျိုးတို့၏ ရူမငြီးနိုင်သော အလှတရားများပင်ဖြစ်ချေပါတော့သည်.။
အဝေးရောက်နေကြပေမဲ့လည်း သင်္ကြန်တေးသံ ၊ ပိတောက်ပန်းအလှကိုမြင်ရသူတိုင်း
ငယ်စဉ်ကပျော်ရွှင်မြူးခဲ့ကြတဲ့ အတာရေသဘင်ပွဲတော်ကို သတိရ မိကြပါသည်။
သင်္ကြန်မိုးလေး တစ်ဖြောက် နှစ်ဖြောက်ကျအပြီးမှာ ပွင့်ဖူးလာကြမဲ့ ပိတောက်ပန်းအလှကို
အာရုံခံစား စိတ်ကူးယဉ်ရသည်မှာလည်းခါခါပင်ဖြစ်ပါသည်။ သင်္ကြန်နဲ့ပတ်သက်ပြီးစိတ်ကူးရမိလို့ ကဗျာလေးတစ်ပုဒ်ကို သင်္ကြန်မတိုင်မှီက စပ်မိခဲ့ပါတယ်..
ကဗျာလေးကတော့
“မမေ့နိုင် တမ်းတခြင်းတွေနဲ့
ယနေ့တိုင် အာရုံတွင်
ငယ်စဉ်ခါပျော်ခဲ့ဖူး
အသွင်ထူးတဲ့ သင်္ကြန်ပွဲတော်မို့
နှစ်စဉ်လေ ဒီအချိန်ရောက်ရင်
ကြင်ဖော်သူ
ဆွေသူတစ်ယောက်ကိုလ
လွမ်းရမဆုံး။။”

Thursday, April 9, 2009

only for you

welcome to mba international advertisement section

လောကနီတိ

* မကောင်းသော အရပ်။
* မကောင်းသော မိတ်ဆွေ။
* မကောင်းသော အမျိုးအနွယ်။
* မကောင်းသော ဆွေမျိုးခင်ပွန်း။
* မကောင်းသော မယား။
* မကောင်းသော ကျေးကျွန်။
ဤ သူတို့ကို ဝေးစွာ စွန့်ပစ်ရာ၏.

အကြင်အပေါင်းအဖော်သည် -
* ရောဂါဝေဒနာ ကျရောက်စွဲကပ်သော အခါ၌ လည်းကောင်း ၊
* ငတ်မွတ်ခေါင်းပါး ဘေးဒုက္ခရောက်သော အခါ၌ လည်းကောင်း ၊
* ဥစ္စာစည်းစိမ် ဆုံးရှုံးပျက်စီးသော အခါ၌ လည်းကောင်း ၊
* ရန်သူဖမ်းဆီးခြင်းခံရသော အခါ၌ လည်းကောင်း ၊
* တရားရုံးများ၌ အမှုကိုရင်ဆိုင်ရသော အခါ၌ လည်းကောင်း ၊
* နာရေးကိစ္စ ဈာပနနှင့်ကြုံရသော အခါ၌ လည်းကောင်း ၊
မိမိနှင့်အတူရပ်တည်ပေ၏. ထိုသူသည် အဆွေခင်ပွန်းကောင်းမည်၏။

အများအကျိုးအတွက် တစ်စုံတစ်ယောက်၏ အကျိုးကို စွန့်၍ ဆောင်ရွက်ရာ၏။
* ပြည်ရွာတိုင်းကျိုး အမျိုးသားအကျိုးအတွက်ကိုမူကား အရာရာကို စွန့်၍ ဆောင်ရွက်ရာ၏။

မိမိအတွက် အကျိုးမပြုသည့် အရပ်ဒေသကို ရှောင်ကြဉ်ရာ၏။
* သင့်တင့်လျောက်ပတ် ကောင်းမြတ်သော အကျိုးဖြစ်ထွန်းမည့် အရပ်ဒေသကို ရှာကြံရာ၏။
* နေရာသစ်၌ အကျိုးဖြစ်မဖြစ် တွက်စစ်သေချာ မလေ့လာ မစူးစမ်းဘဲနေရာဟောင်းကို မစွန့်ခွာရာ

မိတ်ဆွေစစ် ခင်ပွန်းကောင်းသည် အရင်းမှာ အဖျားတိုင်အောင် ချိုသော ကြံ၏သဘောနှင့် တူ၏။
* မိတ်ဆွေ အတုအယောင်သည်ကား အရင်းပိုင်းသာချို၍ အဖျားရောက်သော် ရသာပေါ့ပျက် အချိုရည်မထွက်သော ကြံ၏ သဘောနှင့်တူ၏။



MOBILE CLINIC



WELCOME TO

MOBILE CLINIC

PAGE









welcome

and join mba for

free medical services




ကျန်းမာရေး ကောင်းဖို့အတွက် ဆိုရင်


1. ရေများများသောက်ပါ

2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့
သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်)

3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊

4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy
တို့ဖြစ်ပါတယ်။

5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း
ပြုလုပ်ပေးသင့်ပါတယ်။

6. ကစား ခုန်စားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။

7. သင် 2008 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။

8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။

9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။ (ကျွန်မဆို 10
နာရီလောက် အိပ်တာ)

10. တစ်ရက်မှာ 10 မိနစ်ကနေ နာရီဝက်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။
လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်နော။
(အရူးလို့တော့ မထင်လောက်ပါဘူးနော်..: P)

SOCIAL AFFAIRS





welcome to mba international social affairs page
Society:

25. သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။
တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။

26. အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။

27. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။
(သိပ်စိတ်ချမ်းသာစရာကောင်းတယ် ကိုယ်တွေ့ပါပဲ)

28. အသက် 70 ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် 6 နှစ်အောက် ကလေးတွေနဲ့
အချိန်များများ ပိုဖြုန်းပါ။

29. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ သွားအောင်
ကြိုးစားကြည့်ပါလား။

30. တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ဘူး။

31. သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို လာပြုစုမှာ
မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကသာ သင့်အနားမှာ
ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။

FREE PROGRAM






welcome to mba international MEMBER FREE PROGRAM

BUSINESS TRAINING

WE ARE WELCOME FOR EVERYONE WHO
LIKE TO KNOW MORE ABOUT BUSINESS STRATEGY TEACH BY UNIVERSITY OF KLMU...

Life:

32. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။

33. အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့
အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။

34. ဘုရား သခင်က အရာအားလုံးကို စောင့်ရှောက်လိမ့်မယ်။

35. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။ အမြဲ
ပြောင်းလဲနေမှာ ပါပဲ။

36. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ သွားစို့..
အလှပြင်လိုက်၊ ရှိုးထုတ်လိုက်။ ပျော်ပျော်နေရမှာပေါ့။

37. အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။

38. နံနက်တိုင်းမှာ အသက်ရှင် အန္တရာယ် ကင်းပြီး နိုးထလာတာတိုင်းအတွက်
ဘုရားသခင်ကို ကျေးဇူးတင်လိုက်ပါ။

39. ကိုယ့်ရဲ့ အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့်
ပျော်ပျော်သာနေပါ။


နောက်ဆုံး အချက် 40 မြောက်လာပါပြီ။ နောက်ဆုံးမှထားလို့ အရေးမကြီးတာ
မဟုတ်ဘူးနော်။ ဘာတဲ့လဲ

MOBILE CLINIC

welcome to mba international MOBILE CLINIC

massage borad